တရားသူကြီး ဒေါ်ခင်မာဆွေအား ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး တစ်ဦးအဖြစ် ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ ယင်းမတိုင်မီ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်ရုံး၏ ရုံးအဖွဲ့မှူးအဖြစ် ခန့်အပ်တာဝန် ပေးခဲ့ပါသည်။
တရားသူကြီး ဒေါ်ခင်မာဆွေသည် တရားရေးဝန်ထမ်းအဖြစ် ၁၉၈၅-ခုနှစ်တွင် ဝင်ရောက်ခဲ့ရာ၌ တရားရေးဝန်ထမ်းအဆင့် (၄) အဖြစ် ခန့်အပ်တာဝန်ပေးခံရပါသည်။ ယင်းနောက် ရာထူးများတိုးမြှင့်ခဲ့ရာတွင် တွဲဖက်မြို့နယ်တရားသူကြီး၊ မြို့နယ်တရားသူကြီး၊ ဒုတိယခရိုင်တရားသူကြီး၊ ခရိုင်တရား သူကြီးစသည်ဖြင့် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရပါသည်။ ဒေါ်ခင်မာဆွေသည် ၁၉၅၉-ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် (စာပေးစာယူသင်တန်း) မှပေးအပ်သော LL.B ဥပဒေဘွဲ့အား ၁၉၈၃-ခုနှစ်တွင် ရရှိခဲ့ပါသည်။ ဒေါ်ခင်မာဆွေသည် ဦးဆန်းထွန်း(လျှပ်စစ်အင်ဂျင်နီယာ)နှင့် ၁၉၉၃-ခုနှစ် တွင် လက်ထပ်ထိမ်းမြားခဲ့ပါသည်။