နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဥ် ရှင်းလင်းဆွေးနွေးပွဲကျင်းပခြင်း

All participants

သာယာဝတီခရိုင်နှင့် သာယာဝတီမြို့နယ်တရားရုံးတွင် နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဥ် ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို (၂၉-၁၂-၂၀၂၀) ရက်နေ့ နံနက်(၉း၀၀)နာရီတွင် သာယာဝတီခရိုင် တရားရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်က အဖွင့် အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ကြူကြူဝင်းက နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဥ်၏ လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြကာ သာယာဝတီခရိုင်တရားသူကြီး ဒေါ်အေးမွန်စမ်းက နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဥ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားစီရင်ရေးနှင့်ဆက်စပ်သည့် အဖွဲ့အစည်း များနှင့် ရှေ့နေရှေ့ရပ်များ တက်ရောက်ခဲ့ကြသည်။