သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၁) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား
Post Image

             ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ၂၆.၈.၂၀၂၁ မှ ၂၇.၈.၂၀၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/  ပြည်နယ်တရားလွှတ်တော်များ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို (၆.၉.၂၀၂၁) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများအားလုံး တက်ရောက် ခဲ့ကြပါသည်။

 

      ရှေးဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်များ၏ (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော် တရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့ပါသည်။

      ဆက်လက်ပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးဟန်သိန်းက (၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး မှာကြားချက်များအားလည်းကောင်း တရားစီရင်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား လည်းကောင်း၊ ရှင်းလင်းပြောကြား ခဲ့ပါသည်။

 

          ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။