သတင်းများ

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား
Post Image

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများမှ အရာထမ်း၊ အမှုထမ်းများ၏သားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ၂ဝ၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို (၇-၈-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူ များအား ဆုများချီးမြှင့်ခဲ့ကြပြီး ၂ဝ၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားနေကြသည့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပါသည်။

      ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိ တရားသူကြီးများ၊ အရာထမ်း၊ အမှုထမ်းများတရားရုံးအမှုထမ်းများ၏ သားသမီးများအနက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို (၃)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၉)ဦးရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားနေကြသည့် မူလတန်းမှ အထက်တန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၁၂ ဦးအတွက် ငွေကျပ် ၂၆,၂၆,၄၀၀ (နှစ်ဆယ့်ခြောက်သိန်းနှစ်သောင်းခြောက်ထောင့်လေးရာကျပ်) သိန်းတန်ဖိုးရှိ ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။