သတင်းများ

သီတင်းကျွတ်ကာလ ဂါရဝပြုကန်တော့ပွဲ အခမ်းအနား
Post Image

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မိသားစုဝင်များ၏ သီတင်းကျွတ်ကာလ ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့ နေ့လည် ၁၃း၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သီတင်းကျွတ်ကာလဂါရဝပြုကန်တော့ပွဲသို့ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့ တက်ရောက်၍ ဂါရဝပြုကန်တော့ခံခဲ့ကြပါသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ခင်မာဆွေက မြန်မာ့ရိုးရာ ယဥ်ကျေးမှုနှင့်အညီ အကြီးအကဲများအား ဝါကျွတ်ကာလ ဂါရဝပြုခြင်းအတွက် မင်္ဂလာသြဝါဒစကားများ ပြောကြားခဲ့ပြီး ဝန်ထမ်းမိသားစုများအား သီတင်းကျွတ်ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။