ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်နှင့်မြို့နယ်တရားရုံးများ၏ (၇၀) ကြိမ်မြောက် ကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် COVID-19ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ (၁၈-၁၁-၂၀၂၁) ရက်နေ့ နံနက် (၀၉.၀၀) အချိန်တွင် ပဲခူးမြို့၊ မဟာလေခကျောင်းတိုက်၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။