ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ၁၈.၆.၂၀၂၂ နံနက် ၀၉း၀၀ နာရီအချိန်တွင် ယင်းအဆောက်အဦတည်ရှိရာ ရုံးလမ်း၊ မင်းရပ်ရပ်ကွက်၌ ကျင်းပခဲ့ပါသည်။
အဆိုပါ မြို့နယ်တရားရုံးအဆောက်အဦကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေ၊ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ််လွင်လွင်အေးကျော်တို့က ဖွင့်လှစ်ပေးပြီး အဆောက်အဦသစ် ကမ္မည်းမော်ကွန်းကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရုံးအဆောက်အဦနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို Royal Prome Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာက တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ််သိန်းသိန်းနှင်းထံ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ အဆောက်အဦသစ်သည် အလျား ၁၄၇ ပေ၊ အနံ ၅၆ ပေ၊ အမြင့် ၂၆ ပေ၊ အာရ်စီ နှစ်ထပ်အဆောက်အဦဖြစ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၆၄၄.၃ သန်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။