သတင်းများ

ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုနှင့်ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား
Post Image

       ပဲခူးတိုင်း‌ဒေသကြီးတရားလွှတ်တော် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာသင်ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုများ‌ပေးအပ်ချီးမြှင့်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်-(၁၉၉)တွင် သင်တန်းသူပထမဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်‌အေးကျော် က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်-၁၉၉ တွင် သင်တန်းသူပထမဆုရရှိသူ မခင်နွယ်လွင်ကို ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ပြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်မာဆွေက (၅)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ တရားလွှတ်တော်တရားသူကြီး ဒေါ်‌‌အေးအေးသန့်က (၁)ဘာသာဂုဏ်ထူးရရှိသူ(၅)ဦး၊ တရားလွှတ်တော် တရားသူကြီး ဦးမြင့်စိုးက ရိုးရိုးအောင်မြင်သူ(၆)ဦးကိုလည်းကောင်း ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။.

    ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်သိန်းသိန်းနှင်းက တိုင်း/ခရိုင်/မြို့နယ်တရားရုံးများမှ ဝန်ထမ်းသားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်‌ ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့သည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများကိုယ်စား(၅)ဘာသာဂုဏ်ထူးရရှိသူ မချောဆုသွယ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။