သတင်းများ

ပထမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် အလှူတော်မင်္ဂလာ တရားတော်နာ အခမ်းအနား
Post Image

                   ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးခရိုင်နှင့်ပဲခူးမြို့နယ်တရားရုံးများ၏ ပထမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် အလှူတော်မင်္ဂလာ တရားတော်နာ အခမ်းအနားကို (၂၄-၇-၂၀၂၂) ရက်နေ့ နံနက် (၀၉း၀၀) အချိန်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်း၊ စမ်းကြီးတောရကျောင်းတိုက်၌ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးခရိုင်တရားရုံးနှင့် ပဲခူးမြို့နယ်တရားရုံးရှိ တရားရေးအရာရှိများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပါသည်။