သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား
Post Image

                ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တွင် (၁.၈.၂၀၂၂) ခုနှစ်မှ စတင်၍ ကျင့်သုံးမည့် တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို (၂၆.၇.၂၀၂၂) ရက်နေ့ ၊ နံနက် (၁၁း၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

                ရှေးဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန်ကြားရေးမှူးက စေ့စပ်ဖြေရှင်းရေးလုပ်ငန်းစဉ်များကို Powerpoint ဖြင့် ရှင်းလင်းပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။ ထို့နောက်လိုအပ်သည်များအား တိုင်းဒေသကြီးတရားရေးဦးစီးမှူးမှ ‌ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ ပါသည်။ အခမ်းအနားကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားကာ ရုတ်သိမ်း‌ခဲ့ပါသည်။

                အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ဥပဒေအရာရှိများ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီးအတွင်း အမှုလိုက်ပါ ဆောင်ရွက်လျက်ရှိသော ရှေ့နေရှေ့ရပ်များ တက်ရောက်ခဲ့ကြပါသည်။