ပဲခူးမြစ်ရေသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့မှစ၍ စိုးရိမ်ရေမှတ် (၈၈၀)စင်တီမီတာအထက် ကျော်လွန်မြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်ခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဗုဒ္ဓအသံဓမ္မဗိမာန်၌ သဘာဝဘေးကွပ်ကဲမှုရုံးကို ဖွင့်လှစ်ပြီး လှူဒါန်းသည့်ပစ္စည်းများကို လက်ခံ၍ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှလည်း တစ်နေ့လျှင် ထမင်းဘူး (၁၀၀)ဘူးစီဖြင့် (၃)ရက်လှူဒါန်းပေးခဲ့ပါသည်။


(၁၅.၈.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှ ရေဘေးသင့်ဝန်ထမ်း(၇)ဦးအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ စုစုပေါင်း ၅၅၄၁၀၀ ကျပ် ပေးအပ်ခဲ့ပါသည်။


ပဲခူးခရိုင်တရားရုံးမှ ရေဘေးသင့်ဝန်ထမ်း(၂)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

ပဲခူးမြို့နယ်တရားရုံးမှ ရေဘေးသင့်ဝန်ထမ်း(၃)ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဒိုက်ဦးမြို့နယ်တရားရုံးမှ ရေဘေးသင့်ဝန်ထမ်း(၃)ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ရွှေကျင်မြို့နယ်တရားရုံးမှာ ရေဝင်ရောက်မှု မရှိသော်လည်း ရေဘေးသင့်ဝန်ထမ်း(၂)ဦးအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
