ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်နှင့်မြို့နယ်တရားရုံးများ၏ (၇၂) ကြိမ်မြောက် ကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို (၂၇-၁၁-၂၀၂၂) ရက်နေ့ နံနက် (၀၉.၀၀) အချိန်တွင် ပဲခူးမြို့၊ မဟာလေခကျောင်းတိုက်၌ကျင်းပရာ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။




ညနေပိုင်းတွင် စမ်းကြီးတောရကျောင်း၊ လောကထွဋ်တင်စေတီတော်၌ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများမှ ဆီမီးတစ်ထောင် ကပ်လှူပူဇော်ခဲ့ကြပါသည်။

