ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မိသားစု၏ ဒုတိယအကြိမ်မြောက် ဒုလ္လာဘရဟန်းခံအလှူပွဲကို (၁၀.၄.၂၀၂၄)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ စမ်းကြီးတောရ စာသင်တိုက်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးခရိုင်နှင့်မြို့နယ်တရားရုံးရှိ ဝန်ထမ်း(၇)ဦးတို့အား သင်္ကြန်ကာလအတွင်း ဒုလ္လာဘရဟန်းဘောင်သို့ ပို့ဆောင်ခဲ့ပြီး စမ်းကြီးတောရစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ ဣဿရိယာဘိဝံသမှ လှူဒါန်းမှုအစုစုအပေါ် ရေစက်ချတရားချီးမြှင့်ပေးခဲ့ပါသည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ ဖြစ်ကြသော ဒေါ်အေးအေးသန့်၊ ဦးမြင့်စိုး၊ ဒေါ်ခင်အုန်းတင့်၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် တိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးခရိုင် နှင့်မြို့နယ်တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။





