သတင်းများ

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် နှစ်သစ်ကူးအကြို ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား
Post Image

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် နှစ်သစ်ကူးအကြို ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို (၁၂.၄.၂၀၂၄)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က အရာထမ်း(၁၀)ဦးနှင့် အမှုထမ်း(၃၀)ဦးတို့အား ထောက်ပံ့ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပါသည်။