သတင်းများ

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား
Post Image

     ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ အရာထမ်း၊ အမှုထမ်းများ၏သားသမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးအပ်ခြင်း၊ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို (၂၀-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

        

            

       အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြပါသည်။

         ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိ တရားသူကြီးများ၊ တရားရုံးအမှုထမ်းများ၏ သားသမီးများအနက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို (၄)ဘာသာဂုဏ်ထူးရရှိသူတစ်ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးနှင့်ရိုးရိုးအောင်မြင်သူ(၃)ဦးရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားကြနေသည့် မူလတန်းမှ အထက်တန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁၃၂ ဦးအတွက် ငွေကျပ် ၂၆ သိန်းတန်ဘိုးရှိ ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။