နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ၂၀၂၁ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ဆောင်ရွက်မည့် သာယာဝတီခရိုင် တရားရုံးနှင့် ကျန်ရှိသောမြို့နယ်တရားရုံးတို့အား ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၏ ကြီးကြပ်မှုဖြင့် ပြီးပြတ်သောအမှုများ စစ်တမ်း ကောက်ယူခြင်းနှင့် စစ်ဆေးဆဲအမှုများ စစ်တမ်းကောက်ယူခြင်းတို့အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ USAID-PRLM Team တို့မှ ပူးပေါင်းကူညီဆောင်ရွက်မှုဖြင့် (၁၇-၁၀-၂၀၂၀) ရက်နေ့မှ (၁၈-၁၀-၂၀၂၀) ရက်နေ့အထိ နှစ်ရက်တာ နံနက် (၈:၃၀) နာရီမှစတင်၍ Zoom Application အသုံးပြုကာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။
သင်တန်းနည်းပြများအဖြစ် ဦးမိုးကျော်၊ ဒုတိယညွှန်ကြားရေးမှူး (လေ့ကျင့်ဌာန) နှင့် USAID-PRLM Team တို့မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြပါသည်။ သင်တန်းသို့ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးဦးစီးမှူး ဒေါ်ကြူကြူဝင်း၊ NCMP Coordinator ဒေါ်ညွှန့်ညွှန့်ဝင်း၊ ဦးစီးအရာရှိ ဒေါ်ယမင်းဆုလာဘ်နှင့် အငယ်တန်း စာရေး ဦးဝေယံ တက်ရောက်ခဲ့ကြပါသည်။