ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် သီတင်းကျွတ်မိသားစုကန်တော့ပွဲ အခမ်းအနားကို (၁၅.၁၀.၂၀၂၄)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့အား တရားလွှတ်တော်ရှိ အရာထမ်း၊ အမှုထမ်းများက သီတင်းကျွတ်ကာလ ဂါရဝပြုကန်တော့ခဲ့ပြီး တရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန့် က ဆုံးမဩဝါဒစကား ပြောကြားခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရှိ အရာထမ်း၊ အမှုထမ်းများအတွက် သီတင်းကျွတ်ထောက်ပံ့ငွေ စုစုပေါင်း (၈၄၀၀၀၀)ကျပ် နှင့် ထောက်ပံ့ပစ္စည်း မြေပဲဆီ (၁၂) ပိဿာတို့အား ပေးအပ်ခဲ့ပါသည်။