သတင်းများ

(၇၃) ကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားနှင့် ဆီမီး (၁၀၀၀)ပူဇော်ပွဲအခမ်းအနား
Post Image

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်နှင့်မြို့နယ်တရားရုံးများ၏ (၇၃) ကြိမ်မြောက် ကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို  (၁၅-၁၁-၂၀၂၄) ရက်နေ့ နံနက် (၀၉.၀၀) အချိန်တွင် ပဲခူးမြို့၊ မဟာလေခကျောင်းတိုက်၌ကျင်းပရာ တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဆရာတော်သံဃာတော်များအား ပဲခူးတိုင်းဒေသကြီးတရားလွှတ်‌တော်တရားသူကြီးချုပ်နှင့်  တရားလွှတ်တော်တရားသူကြီးများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် အလှူငွေ လှူဒါန်းမှုတန်ဖိုးစုစုပေါင်း (၆၇,၉၉၄,၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။

ညနေပိုင်းတွင် စမ်းကြီးတောရကျောင်း၊ လောကထွဋ်တင်စေတီတော်၌ တရားသူကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများမှ  ဆီမီးတစ်ထောင် ကပ်လှူပူဇော်ခဲ့ကြပါသည်။

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ