ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ခရိုင်နှင့်မြို့နယ်တရားရုံးများ၏ (၆၉) ကြိမ်မြောက် ကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် COVID-19ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ (၂၆-၁၁-၂၀၂၀) ရက်နေ့ နံနက် (၀၉.၀၀) အချိန်တွင် ပဲခူးမြို့၊ မဟာလေခကျောင်းတိုက်၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေးနှင့် တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
