သတင်းများ

စာရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ခြင်း
Post Image

          ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တွင် စာရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို (၉-၁၂-၂၀၂၅)ရက်နေ့မှ (၂၃-၁၂-၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်၍ သင်တန်းကာလ(၁၅)ရက်ပို့ချခဲ့ပြီး ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးခရိုင်တရားရုံးနှင့် ပဲခူးမြို့နယ်တရားရုံးတို့မှ သင်တန်းသား/သူ (၂၈)ဦးတက်ရောက်ခဲ့ပါသည်။

                   သင်တန်းတွင် ပြစ်မှု၊ တရားမ၊ ရသုံးမှန်းခြေငွေစာရင်း၊ ဘီလစ်နှင့်ထောက်ပံ့လုပ်ငန်း၊ မှုခင်းစီမံခန့်ခွဲ၊ စေ့စပ်ဖြေရှင်းရေး၊ မဟာဗျူဟာစီမံကိန်း၊ ရုံးလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် တရားရုံးများလက်စွဲဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။