သတင်းများ

တရားရေးဝန်ထမ်းအဆင့်(၄)များ၏ ဌာနဆိုင်ရာ စာမေးပွဲ ကျင်းပပြုလုပ်ခြင်း
Post Image

တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်တရားရုံးများ၊ မြို့နယ် တရားရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော တရားရေးဝန်ထမ်း အဆင့်(၄) များ၏ ဌာနဆိုင်ရာ စာမေးပွဲကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တရားရေး ဝန်ထမ်းအဆင့်(၄)များ၏ ဌာနဆိုင်ရာ စာမေးပွဲကို ၁၂.၁၂.၂၀၂၀ ရက်နေ့ (စနေနေ့) တွင် ပြစ်မှုဘာသာရပ်နှင့် တရားမဘာသာရပ် တို့ကို လည်းကောင်း၊ ၁၃.၁၂.၂၀၂၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် စီမံ/ ထောက်ပံ့/ စစ်ဆေးရေး ဘာသာရပ်နှင့် အင်္ဂလိပ်ဘာသာရပ် တို့ကိုလည်းကောင်း ဖြေဆိုရမည်ဖြစ်သည်။

၁၂.၁၂.၂၀၂၀ ရက်နေ့ (စနေနေ့) နံနက် (၀၉: ၁၅) အချိန်တွင် စာမေးပွဲဖြေဆိုကျင်းပနေမှုအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေးမှ လာရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။
 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ