တရားလွှတ်တော်

တရားသူကြီး ဒေါ်ခင်အုန်းတင့်

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ခင်အုန်းတင့်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်ခင်အုန်းတင့်သည် ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပါသည်။ ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါ သည်။ ၁၉၈၈ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တရားသူကြီး/ တရားရေးအရာရှိအဖြစ် ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှမ်းပြည်နယ်တရားရေးဦးစီးမှူး ရာထူးအထိ (၃၅)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်အုန်းတင့်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါသည်။