သတင်းများ

စာရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်ခြင်း
Post Image

                   ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ စာရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆)ကို ( ၉ -၁၁-၂၀၂၆)ရက်နေ့မှ ( ၂၀-၁၁-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်၍ သင်တန်းကာလ(၁၀)ရက်ပို့ချခဲ့ပြီး ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်၊ ပဲခူးခရိုင်တရားရုံးနှင့် ပဲခူးမြို့နယ်တရားရုံးတို့မှ သင်တန်းသား/သူ (၂၅)ဦးတက်ရောက်ခဲ့ပါသည်။

                   အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါက်တာဇော်ဝင်းထွန်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်ဌေးဌေးမော်၊ သင်တန်းဆရာ/ ဆရာမများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

                   သင်တန်းတွင် ပြစ်မှု၊ တရားမ၊ ရသုံးမှန်းခြေငွေစာရင်း၊ ဘီလစ်နှင့်ထောက်ပံ့လုပ်ငန်း၊ မှုခင်းစီမံခန့်ခွဲ၊ စေ့စပ်ဖြေရှင်းရေး၊ မဟာဗျူဟာစီမံကိန်း၊ ရုံးလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် တရားရုံးများလက်စွဲဘာသာရပ်များကို သင်ကြားပို့ချခဲ့ပါသည်။

           

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ