တရားလွှတ်တော်

တရားသူကြီး ဒေါက်တာဇော်ဝင်းထွန်း

                ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါက်တာဇော်ဝင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။
                ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါက်တာဇော်ဝင်းထွန်းကို၁၉၇၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၀၁ ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဥပဒေပါရဂူဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။
ထို့အပြင် စစ်ဥပဒေချုပ်ရုံးတွင် လက်ထောက်စစ်ဥပဒေချုပ်ရာထူး အထိ နှစ်ပေါင်း (၂၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုမှတဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တွင် ညွှန်ကြားရေးမှူးရာထူး အထိ (၂)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါက်တာဇော်ဝင်းထွန်း သည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါသည်။