တရားလွှတ်တော်

တရားသူကြီး ဦးသန့်ဇော်သန်း

                ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးသန့်ဇော်သန်း ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ်ခန့်အပ်ခဲ့ပါသည်။
                ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဦးသန့်ဇော်သန်း ကို ၁၉၆၉ ခုနှစ် တွင် မွေးဖွားခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ နဂိုလ်ယာ တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။ ထို့အပြင် စစ်ဥပဒေချုပ်ရုံးကွပ်ကဲမှုအောက်ရှိ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ စစ်ဥပဒေဌာနတွင် ဒု-လက်ထောက်စစ်ဥပဒေချုပ်(ဗိုလ်ကြီး)ရာထူးဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတွင် ဗိုလ်ကြီး(အထူးအရာရှိ)ရာထူးဖြင့်လည်းကောင်း၊ ပန်းဘဲတန်းမြို့နယ်နှင့်  သင်္ဃန်းကျွန်းမြို့နယ်ပြည်တွင်းအခွန်များဉီးစီးရုံးများတွင် တွဲဘက်မြို့နယ်အခွန်ဦးစီးမှူးရာထူး   ဖြင့်လည်းကောင်း၊  ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် တွဲဘက်မြို့နယ်တရားသူကြီးရာထူးဖြင့် လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥပဒေဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ရာထူးဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၊ ဝန်ကြီးဌာန-၅ တွင် ညွှန်ကြားရေးမှူး(ရုံးအဖွဲ့မှူး) ရာထူးဖြင့်လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးတွင် လက်ထောက်အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်း ဝန်ရာထူးဖြင့်လည်းကောင်း ရာထူးအဆင့်ဆင့်တွင် နှစ်ပေါင်း (၃၀)ကျော် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသန့်ဇော်သန်းသည် အိမ်ထောင်ရှင်တစ်ဦး ဖြစ်ပါသည်။